ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

ယမန်နေ့က ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဖယ်ခုံမြို့မရဲစခန်းနှင့် ထွေ/အုပ်ရိပ်သာတို့အား ဖယ်ခုံ PDF တပ်ရင်း(၂) မှ RPG နှင့် 79 လက်နက်ကြီးတို့ကို အသုံးပြု၍ သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF က သတင်းထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့ ဒေသခံ အများစုပါဝင်တဲ့ ရဲနှင့်ထွေအုပ်အပါအဝင်NON – CDMဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကိုသစ္စာခံ၍ပြည်သူအပေါ်သစ္စာစောင့်သိမှု့မရှိ၍ သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဖယ်ခုံ PDF က ဆိုပါတယ်။

၎င်းတို့အနေနဲ့ ဒေသလူထုအကျိုးကိုရှေးရှုရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကိုအထောက်အကူမပြုရန် ၊စစ်ကောင်စီလက်အောက်မှအမြန်ဆုံးထွက်ခွာကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း(၂)က ထပ်မံသတိပေးထားထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ဖယ်ခုံ PDF