ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

စစ်ကိုင်းတိုင်း ၊PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏စိုးမိုးနယ်မြေများတွင် ကျန်းမာရေးပညာပေးခြင်းနှင့်စစ်ဘေးရှောင် ၅၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ထီးလင်းPDF ထံကသိရသည်။

ထို့ပြင် ထီးလင်း PDF ၏ Medical Team ဆေးအဖွဲ့၀င်များမှ စိုးမိုးနယ်မြေ ၂၊၃၊၄၊၅သို့ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများ အကြောင်းကို ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးနည်းလမ်းများကို ပညာပေး ဟောပြောခဲ့ကြောင်း ထီးလင်း PDF ထံကပြောသည်။

ဓာတ်ပုံ- PEOPLE’S DEFENCE FORCE -HTILIN(YRPA)