ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ တရုတ်နိုင်ငံထုတ် မျက်နှာဖတ်နိုင်စွမ်းရှိတဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်နေတယ်လို့ သိရပါတယ်။

လုံခြုံရေးထိန်းသိမ်းဖို့နဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ရည်ရွယ်ကာ ဘေးကင်းတဲ့မြို့တော်စီမံကိန်းလို့ ဖော် ပြထားတဲ့ အဲဒီအစီအစဉ်အတွက် မျက်နှာဖတ်နိုင်စွမ်းရှိတဲ့ လုံခြုံရေးကင်မရာတွေ ဝယ်ယူတပ်ဆင်ဖို့ တင်ဒါတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေက မြန်မာနိုင်ငံရဲ့ စတုတ္ထအကြီး ဆုံးမြို့တော် မော်လမြိုင်အပါအဝင် မြို့ကြီးငါးမြို့မှာ လုံခြုံရေးကင်မရာတင်ဆင်ရေး စီမံကိန်းသစ် စတင်ခဲ့ပါ တယ်။
မှုခင်းတားဆီးကာကွယ်ရေး အစီအမံဆိုတဲ့ မြို့ကြီးငါးမြို့မှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်မယ့်စီမံ ကိန်းကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ယခင်အစိုးရက စီစဉ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ဒေ သန္တရမီဒီယာတွေက ဆိုပါတယ်။

စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ မြို့တော်တွေမှာ ကင်မရာစောင့်ကြပ်ရေးစနစ်တွေ တပ် ဆင်ဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

တင်ဒါရရှိသွားတဲ့ ပြည်တွင်းကုမ္ပဏီတွေထဲမှာ Fisca Security & Communication နဲ့ Naung Yoe Technologies Co, တို့ပါဝင်ပါတယ်။ တရုတ်နိုင်ငံ Zhejiang Dahua Technology (Dahua)၊ Huawei Technologies Co Ltd နဲ့ Hikvision တို့ထံမှ လုံခြုံရေးကင်မရာတွေ ဝယ်ယူမယ်လို့ သိရပါတယ်။

လုံခြုံရေးကင်မရာတွေကို မြန်မာအာဏာပိုင်တွေ ဘယ်တော့မှ တိုက်ရိုက် ရောင်းချမှာမဟုတ်ဘဲ ပြည်ပ စျေးကွက်တွေက ဖောက်သည်တွေကသာ ဖြန့်ဖြူးသူတွေဖြစ်တယ်လို့ Hikvision က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စီစီတီဗွီ ခေါ် မျက်နှာဖတ်နိုင်တဲ့ စွမ်းရည်ပါရှိတဲ့ ဗွီဒီယိုစောင့်ကြည့်ရေးစနစ်တွေကို မှုခင်းလျှော့ချဖို့ ကမ္ဘာ တစ်ဝန်းက မြို့တော်ကြီးတွေမှာ အသုံးပြုကြပါတယ်။

လုံခြုံရေးကင်မရာတွေ တပ်ဆင်တဲ့စီမံကိန်းကို တက်ကြွလှုပ်ရှားသူတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး အဖွဲ့တွေကို နှိမ်နင်းရာမှာ အသုံးပြုနိုင်တယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာစစ်တပ်က စောင့်ကြည့်ရေးစနစ်တွေကို အသုံးပြုနေပြီး ဆက်သွယ်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေမှာ ပြည်သူတွေရဲ့ဆက်သွယ်မှုတွေကို စောင့်ကြည့်ဖို့၊ ကြားဖြတ်ဟန့်တားဖို့ Spyware ဆော့ဝဲ တပ် ဆင်ထားပါတယ်။

မော်လမြိုင်မြို့တစ်ခုတည်းမှာပင် Dahua လုံခြုံရေးကင်မရာ ၂၀၀ တပ်ဆင်ထားပြီး နောက်ထပ်လည်း တပ်ဆင်သွားဖို့ရှိတယ်လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနား၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံမြို့တွေမှာ လုံခြုံရေးကင်မရာတွေ ထပ်မံ တပ်ဆင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား – Reuters
Ref; Myanmar’s junta rolls out Chinese camera surveillance systems in more cities: Sources