ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်
ထိုင်ဝမ်နဲ့ တရားဝင် ကာကွယ်ရေးဆိုင်ရာ မဟာမိတ်ဖွဲ့ဖို့နဲ့ တရုတ်ရဲ့ကျူးကျော်မှုကို တိုက်ခိုက်ဖို့ အမေရိ ကန်တပ်ဖွဲ့တွေ စေလွှတ်ရေးကို ထောက်ခံမယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောပါတယ်။
ထိုင်ဝမ်ကို ကာကွယ်ပေးတာဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားဖြစ်တယ်လို့ ကွန်ဂရက် မှာ ရန်အလိုဆုံး ရီဗက်ပလီကင်အမတ်တစ်ဉီးဖြစ်တဲ့ လင်ဆေးဂရေဟမ်က ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်နဲ့ပတ်သက်သော မဟာဗျူဟာမြောက် မပြတ်သားသောမူဝါဒက အလုပ်မဖြစ် တာကြောင့် တရားဝင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုနဲ့ အစားထိုးသင့်တယ်လို့ သူက ဆိုပါတယ်။
ထိုင်ဝမ်သို့ အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမှု၊ တောင်ကိုရီးယားနဲ့ဂျပန်သို့ တပ်ဖွဲ့တွေ စေလွှတ်ဖို့အစီအစဉ်တွေကို ထောက်ခံမယ်လို့ လင်ဆေးဂရေဟမ်က ပြောပါတယ်။
လက်ရှိ ထိုင်ဝမ်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီရှိပြီး အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ၂၀၀ ဝန်းကျင်အထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ The Wall Street ဂျာနယ်က ဖေဖော်ဝါရီလအတွင်း ဖော်ပြခဲ့ပါ တယ်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရင် စစ်ရေးအရ အရေးယူဖို့ ကွန်ဂရက်က ခွင့်ပြုမယ်လို့ အောက်လွှတ် တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ မိုက်ကယ်မတ်ကော်က ထိုင်ဝမ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ကြိုးပမ်းမယ်ဆိုရင် စစ်ရေးအင်အား အသုံးပြုမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမှာဖြစ်ပေမယ့် လိုအပ်ရင် ရည်မှန်းချက်အောင်မြင် ဖို့ အင်အားအသုံးပြုမယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ မူဝါဒကြေညာစာတမ်းအတွင်း ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ရဲ့ အမေရိကန်ခရီးစဉ်ကို ထိုင်ဝမ်ကျွန်းအား တိုက်ခိုက်သိမ်း ပိုက်တဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
လင်ဆေးဂရေဟမ်ဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့နဲ့ အစိုးရအပြောင်းအလဲပြုလုပ်ဖို့ အကြံပေးသူ ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ပြီးခဲ့တဲ့နှစ်က တောင်းဆိုခဲ့ပါတယ်။
ကိုးကား – South Korea News
Ref; US open to deploying troops in Taiwan: Lawmaker