ဧရာဝတီတိုင်းမ်
ဧပြီလ ၉ ရက်

ခရိုင်းမီးယားနဲ့ ယူကရိန်းနိုင်ငံရှိ အခြား ရုရှားထိန်းချုပ်ထားတဲ့ဒေသတွေကို ပြန်လည်ထိန်းချုပ်ဖို့ ရည် ရွယ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက မကြာမီ ရုရှားစစ်တပ်ကို အရေးပါတဲ့ တန်ပြန်ထိုးစစ်ဆင်မှုတစ်ခုပြုလုပ်ဖို့ စီစဉ် နေချိန်မှာ ဇီလန်စကီးက အခုလို ပြောကြားလိုက်တာပါ။

ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ တောင်ပိုင်းဒေသရှိ ခရိုင်းမီးယားကျွန်းဆွယ်ကို တစ်ဖက်သတ် ကျူးကျော် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းပြည်သူတွေ အနိုင်ရနိုင်တဲ့ မကောင်းဆိုးဝါးတစ်နိုင်ငံလို့ ဇီလန်စကီးက ပြောဆို လိုက်ပြီး ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ရေးဟာ ယူကရိန်းနဲ့ကမ္ဘာကြီးအတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားကထိန်းချုပ်ဒေသတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ရုရှားတပ်ဖွဲ့တွေက ယူက ရိန်းရဲ့ ထိုးစစ်ဆင်မှုကိုကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။

ဇာပိုရီဇီယာမြို့နဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ တိုက် ခိုက်မှုတွေဟာ ယူကရိန်းရဲ့လက်ချက်လို့ ရုရှားက ပြစ်တင်ခဲ့ပါတယ်။

ဇာပိုရီဇီယာနဲ့ခါဆင်ဒေသတွေက ကာကွယ်ရေးစခန်းတွေကို ခိုင်မာအောင်လုပ်ဆောင်ဖို့ ရုရှားတပ်ဖွဲ့တွေ က ကြိုးပမ်းနေတယ်လို့ ယူကရိန်းစစ်တပ် စစ်ဉီးစီးချုပ်က ပြောပါတယ်။

ဒွန်းနက်ခ်ဒေသမှာတည်ရှိတဲ့ ဘာမွတ်မြို့ကို ထိန်းချုပ်နိုင်ဖို့ ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေပြီး ရုရှားတပ်ဖွဲ့တွေက မြေပြင်ထိုးစစ်ဆင်ဖို့ စတင်နေပြီလို့ သတင်းအချို့က ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Zelenskyy vows to retake Crimea as Ukraine plans major counteroffensive