ဧရာဝတီတိုင်းမ်
ဧပြီလ ၉ ရက်

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ BGF နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲတွေမှာ နှစ်ဘက်အကျအဆုံးများသလို BGF တပ်ဘက်က အင်အား ၈၀ ကျော်ကျဆုံးပြီး လက်နက် အမြောက်အများဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေတဲ့ BGF တပ်က Lion Battalion Commando – စစ်ကြောင်း ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါကို BGF တပ်က ဗိုလ်မှူးကြီး စောချစ်သူက ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ ဗိုလ်အယ်စေးဝါး လွတ်မြောက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

”BGF က ထောင်ချောက််ဆင်ပြီး အပေါ်နဲ့ အောက်ညှပ်တိုက်တာ၊ ဗိုလ်အယ်စေးဝါး စစ်ကြောင်းက ရဲဘော် ၄ ဦးကျတယ် ကား ၅ စီးနဲ့ လက်နက် ခဲယမ်း တချို့ဆုံးရှုံးခဲ့တယ်”လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့က BGF တပ်မှူး ဗိုလ်မှူးကြီး စောချစ်သူက လက်နက်ချမယ်ဆိုပြီး ကမ်းလှမ်းတာကြောင့် Lion Battalion Commando – စစ်ကြောင်း ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါနဲ့အဖွဲ့ သွားရောက်ချိန်မှာ ခုလိုမျိုး တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

Lion Battalion Commando – စစ်ကြောင်း ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါဟာ BGF စစ်ကြောင်းရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံခဲ့ရပေမယ့် ပိတ်ဆို့ထားတဲ့ တိုက်ပွဲကနေ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ခဲ့ပြီး ဘေးလွတ်ရာကို ပြန်ရောက်နေပြီလို့ မြေပြင်တပ်ဖွဲ့ဝင်တွေက အတည်ပြုပြောဆိုပါတယ်။

BGF နဲ့ စစ်ကောင်စီတပ်က ထောင်ချောက်ဆင် ဖမ်းဆီးဖို့ကြိုးစားရင် တိုက်ပွဲဖြစ်ပွားချိန်မှာ ကျန်ရှိခဲ့တဲ့ ကား ၅ စီးနဲ့ လက်နက်ခဲယမ်းတွေကိုတော့ စစ်ကောင်စီတပ်ထောက်ခံတဲ့ အသိုင်းဝိုင်းက တယ်လီဂရမ်စာမျက်နှာတွေမှာ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဖြန့်ဝေလာတာလည်း တွေ့ရပါတယ်။
#ဗျူးဟာမှူး #အယ်စေးဝါး #ထောင်ချောက်ဆင် #BGF #စစ်ကောင်စီတပ် #Ayeyarwaddy_Times