ဧရာဝတီတိုင်းမ်
ဧပြီလ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက ပြုလုပ်မယ့် သင်္ကြန်ပွဲတော်ကျင်းပမယ့် ကမ်းနားလမ်းမကြီးကို မတ်လ ၈ ရက်နေ့ ညနေက စတင်ပြီးဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာကြောင့် ဒေသခံတွေသွားရေးခက်ခဲပြီးမြို့တွင်းယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်လုံခြုံရေးအတွက် ပိတ်လိုက်တဲ့လမ်းဟာ ပုသိမ်မြို့က လူသွား လူလာအများဆုံးလမ်းဖြစ်သလို သင်္ဘောဆိပ်နဲ့ ကုန်စည်ဒိုင်တွေရှိတဲ့လမ်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” မနေ့က စပြီးကမ်းနားလမ်း မြို့တော်ခန်းမရှေ့ကနေကျောက်ငူထီးအထိ ဖြတ်သန်းလို့မရတော့ဘူး၊ ပြည်သူတွေသွားရေးလာရေးခက်ခဲကုန်ရော၊ ကုန်သည်လမ်းနဲ့ မင်းကြီးလမ်းမှာကားဆိုင်ကယ်တွေလပိတ်ဆို့ကုန်ရော၊ ဒီနေ့မနက်ပိုင်းကြတော့ မြို့တော်ခန်းမကနေ ဈေးချောင်းလမ်းထိ ပိတ်ထားတယ်သင်္ကြန်အတွက်၊ ခုလိုလမ်းပိတ်တာ တစ်ခါမှမကြံဘူးပါဘူး အဲ့လောက်ကြောက်နေရင် လဲ လုပ်မနေပါနဲ့လို့ပြောခြင်တယ်”လို့ ပုသိမ်မြို့ခံအမျိုသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ပုသိမ်မြို့မှာ ကမ်းနားလမ်းမကြီးဟာ ၂ လမ်းမောင်းအဖြစ်အဓိကကြတဲ့လမ်းမကြီးဖြစ်ပြီး ခုလိုပိတ်လိုက်တဲ့အတွက်လမ်းကြိုလမ်းကြားများကသာသွားလာနေပြီး စစ်ကောင်စီ လက်အောက်ခံယာဥ်ထိန်းတပ်ဖွဲ့များကလမ်းပိတ်ဆို့မှုကို အခွင့်ရေးယူကာ ဆိုင်ကယ်၊ကားများကို ဖမ်းဆီးငွေညှစ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကိုကမ်းနား လမ်းမကြီးပေါ်ကိုသာ မဏ္ဏပ်အားလုံးကို ရွှေ့ပြီး တည်ဆောက်ထားတာဖြစ်ပြီးမြို့တော်ခန်းမကနေ ကျောက်ငူပုသိမ်ထီးအထိ စုစုပေါင်းမဏ္ဏပ်၉ခုရှိပြီး တိုင်းစည်ပင်ရုံးရှေ့မှာလည်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ထားတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ သင်္ကြန်ကို စည်ကားအောင်ကျင်းပရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာအများစုဟာ ဒေသခံလုပ်ငန်းရှင်တွေကို အလှူငွေကောက်ခံပြီး ရပ်ကွက်အုပ်ချုပ်ရေးမူးတွေကိုလဲတစ်ဦးကို ၁၀ သိန်းနှူန်းရှာပေးခိုင်းပြှီးပြုလုပ်နေတာလို့ဆိုပါတယ်။
ပုသိမ်မြို့ဟာ တိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တာကြောင့် ဌာနဆိုင်ရာအားလုံး သင်္ကြန်မဏ္ဍပ်တစ်ခုစီမဖြစ်မနေ ဆောက်ခိုင်းထားပြီး ရပ်ကွက်တိုင်းကိုတော့ ယိမ်းအဖွဲ့တစ်ခုစီ မဖြစ်မနေထွက်ခိုင်းထားတယ်လို့ စစ်ကောင်စီ တပ်နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #မဏ္ဍပ်လုံခြုံရေး #လမ်းပိတ်ဆို့ #Ayeyarwaddy_Times