ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်ခရီးစဉ်မှ ပြန်လာပြီးနောက် တစ်ရက်အကြာ စနေနေ့မှစတင် ပြီး ထိုင်ဝမ်ဝန်းကျင်အနီး သုံးရက်အကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ကြေညာပါတယ်။
စီစဉ်ထားတဲ့အတိုင်း ထိုင်ဝမ်ကျွန်းရဲ့မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်မှာ တရုတ်နိုင်ငံက ကင်း လှည့်မှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။
ဆိုင်အင်ဝမ်ဟာ ဧပြီလ ၆ ရက်က လော့အိန်ဂျလိစ်မြို့မှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကီဗင် မတ်ကာသီနဲ့ တွေ့ဆုံခဲ့တာကြောင့် ထိုင်ဝမ်ကို မိမိပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံကို အမျက် ထွက်စေခဲ့ပါတယ်။
ပဋိပက္ခတွေ အရှိန်မြှင့်လာတာ သို့မဟုတ် အငြင်းပွားမှုတွေ မဖြစ်စေဘဲ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ် ကာ လက်တုံ့ပြန်မယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ဆိုင်အင်ဝမ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီနဲ့တွေ့ဆုံရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်ခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင် အပါအဝင် အကြီးတန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မေခရွန်က တရုတ်နိုင်ငံမှ ထွက်ခွာသွားပြီးနောက် နာရီအနည်းငယ်အကြာမှာ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ကြေညာခဲ့တာပါ။
ဒီသီတင်းပတ်အတွင်း သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ဉရောပသမဂ္ဂ အကြီး အကဲ အူဆူလာဗွန်ဒါလီယန်းက ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုက အရေးကြီးတယ်လို့ ပြောပါတယ်။
ကိုးကား – The Straits Times
Ref; China announces drills around Taiwan after McCarthy-Tsai meeting