ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်

မြောက်ကိုရီးယားနိုင်ငံက ဒီသီတင်းပတ်အတွင်း ရေအောက် နျူကလီးယား တိုက်ခိုက်ရေးဒရုန်းတစ်စင်း စမ်းသပ်မှုတစ်ခု ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်းဟမ်ဂျောင်ပြည်နယ် ကူမြာစီရင်စုမှာတည်ရှိတဲ့ ကာဂျင်ဆိပ်ကမ်းမှာ ဧပြီလ ၄ ရက်က Haeil-2 ဒရုန်း စမ်းသပ်မှု ပြုလုပ်ခဲ့တာလို့ KCNA သတင်းဌာနက ဆိုပါတယ်။

အဆိုပါဒရုန်းက ကိုရီးယားအရှေ့ပင်လယ်အတွင်း ၇၁ နာရီနဲ့ ၆ မိနစ်ကြာအောင် ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) အကွာအဝေးအထိ သွားရောက်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။

အဆိုပါဒရုန်းက သတ်မှတ်ထားတဲ့ ပစ်မှတ်ဖြစ်တဲ့ တောင်ပိုင်းဟမ်ဂျောင်ပြည်နယ် ယောင်ဒေးဆိပ်ကမ်း သို့ ဧပြီလ ၇ ရက်မှာ ရောက်ရှိလာခဲ့ပြီး သတ်မှတ်နေရာမှာ ရေအောက်၌ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မတ်လနှောင်းပိုင်းမှာ ပြီးဆုံးခဲ့တဲ့ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယားနိုင်ငံက ရေ အောက် နျူကလီးယားစွမ်းအင်သုံး ဒရုန်းသစ်တစ်မျိုးကို စမ်းသပ်ခဲ့ပါသေးတယ်။

တောင်ပိုင်းဟမ်ဂျောင်ပြည်နယ် ရီဝမ်စီရင်စုအလွန် ကမ်းရိုးတန်းမှာ မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ပြု လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အဆိုပါဒရုန်းကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; North Korea tests underwater nuclear attack drone: Report