ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီနဲ့ တွေ့ဆုံမှုကို အ ပြင်းအထန် လက်တုံ့ပြန်ဖို့ ကတိပြုထားတဲ့ တရုတ်နိုင်ငံက ယနေ့ ထိုင်ဝမ်ကျွန်းဝန်းကျင် ရေပိုင်နက်အတွင်း စစ် သင်္ဘောတွေ စေလွှတ်လိုက်တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရအဖွဲ့မှာ တတိယအဆင့်မြင့်ဆုံး တာဝန်ရှိသူဖြစ်တဲ့ ကီဗင်မတ်ကာသီနဲ့ လွှတ်တော်အ မတ်တွေဟာ မနေ့က ကယ်လီဖိုးနီးယားပြည်နယ် ရိုနယ်ရေဂင်စာကြည့်တိုက်မှ ဆိုင်အင်ဝမ်ကို တွေ့ဆုံခဲ့ပါတယ်။
ထိုသို့ မတွေ့ဆုံသင့်ကြောင်း တရုတ်နိုင်ငံက ထပ်တလဲလဲ သတိပေးခဲ့ပြီး ဆွေးနွေးမှုမတိုင်မီ နာရီအနည်း ငယ်အလိုမှာ ထိုင်ဝမ်ကျွန်းအရှေ့တောင်ဘက် ရေပိုင်နက်အတွင်း လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ပါ တယ်။
တရုတ်ပြည်မကြီးမှ ထိုင်ဝမ်ကျွန်းကို နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေပိုင်နက်အတွင်း နောက်ထပ် စစ် သင်္ဘောသုံးစင်း တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းမှာ ပြောကြားပါတယ်။
ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်တစ်စင်းကလည်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်ကို ဖြတ် ကျော်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ကမ်းခြေစောင့်သင်္ဘောတွေ ဖြန့်ကြက်ခဲ့တာ ကြောင့် ထိုင်ဝမ်က ကန့်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ အကြီးမားဆုံးသော ဝေဟင်-ရေပြင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။
အဲဒီနောက်ပိုင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်သို့ စစ်သင်္ဘောတွေ၊ ဒုံးကျည်တွေနဲ့ ဂျက်တိုက်လေ ယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။
“လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ရင် တိုက်လေယာဉ်တွေ အတက်အဆင်းပြုလုပ်တာ ရှိရမှာဖြစ် ပေမယ့် အခုတော့ သံသယဖြစ်စရာ ဘာမှ မတွေ့ရပါဘူး။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်မှာဖြစ်ပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး Chiu Kuo Cheng က သတင်းထောက်တွေကို ပြောပါတယ်။
ထိရှလွယ်သော ပြဿနာတွေဖြစ်ပေါ်တိုင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်သို့ လေယာဉ်တင် သင်္ဘောတွေ စေလွှတ်လေ့ရှိပါတယ်။
ကိုးကား – CNA
Ref; China deploys warships near Taiwan after Tsai-McCarthy meeting, vows ‘firm and forceful’ response