နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗထူးတပ်နယ်ရှိ စစ်ကောင်စီ တပ်ဖွဲဝင်များနှင့် မိသားစုဝင်များကို လက်ရှိတည်ဆောက်ထားသည့် ရေပက်မဝင် စည်းလုံးမှုကို ဆက်လက်ခိုင်မြဲအောင် ထိန်းသိမ်းရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။
ထိုအပြင် အမှားအမှန်ပိုင်းခြား ဝေဖန်တတ်မှု၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုဖြစ်စေရန်မှာ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသကဲ့သို အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း စာကောင်းပေမွန်များကိုလည်း အခွင့်အရေးရရှိသည့် အချိန်တိုင်း၌ ဖတ်မှတ်လေ့လာနေရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒုစစ်ခေါင်းဆောင်သည် ယမန်နေ့ ဧပြီလ ၆ ရက်က ဗထူးတပ်နယ်သို သွားရောက်ပြီး ၎င်းတိုလက်အောက်ခံ တပ်ဖွဲဝင်များနှင့် မိသားစုဝင်များ၊ သင်တန်းသားများအား တွေ့ဆုံကာ ထိုကဲ့သို စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခုဧပြီလက ဗထူးတပ်နယ်က သင်တန်းကျောင်းတွေ သင်တန်းဆင်းတဲ့ ကာလလည်းဖြစ်တယ်။ နောက်ပြီးတော့ စိုးဝင်းအနေနဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း OTS သင်တန်းဆင်းဖို ရှိတာကိုသွားရင်းနဲ့ အဲဒီက တပ်နယ်တွေကို လှည့်လည်စည်းရုံးရေး ဆင်းတယ်လိုပဲ ကျွန်တော်ကတော့ မြင်မိတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ဗထူးတပ်မြို့တွင် သင်တန်းကျောင်း များ၊ ခြေလျင်တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးဝန်ထမ်းတပ်များ အခြေစိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေး ကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီးအဖြစ် ၂၀၀၆ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
“အခုလောလောဆယ် စစ်တပ်အတွက်ကတော့ နယ်မြေအားလုံးဟာ အရေးကြီးတဲ့ ပုံစံ မျိုးမှာ ရှိနေတယ်။ အဲဒါကြောင့် ရသမျှနယ်တွေကို အရင်လကလည်း မင်းအောင်လှိုင် နဲ့ စိုးဝင်းလှည့်လည်ပြီးတော့ စည်းရုံးနေတာ ကျွန်တော်တို့တွေ့ရတယ်။ အခုချိန်မှာ တပ်နယ်အားလုံးသည် သူတို့(စကစ)အတွက် အရေးကြီးတဲ့ သဘောတရား ရှိတယ်လို့ပဲ ကျွန်တော်ကတော့မြင်ပါတယ်။ လက်ရှိစကစအခြေအနေ ပြောမယ်ဆိုရင်တော့ အရှုံး တွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုကိုရောက်နေတယ်” ဟု CDM ဗိုလ်ကြီး လင်းထက် အောင်က ပြောသည်။
လက်ရှိတည်ဆောက်ထားသည့် ရေပက်မဝင်သော စည်းလုံးမှုကို ဆက်လက်ခိုင်မြဲအောင် ထိန်းသိမ်း၍ ညီညွတ်မျှတသော အုပ်ချုပ်မှုဖြင့် မိမိလက်အောက်ငယ်သားများကို ကျောသားရင်သား မခွဲခြားဘဲ စီမံအုပ်ချုပ်ရန်၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိမှုများ မှန်မှန်ကန်ကန် မျှတစွာရရှိအောင် တာဝန်ရှိသူများက စိတ်ဝင်တစား လုပ်ဆောင်နေရန် လိုအပ်သည်ဟုလည်း ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
ယင်းအပြင် စိတ်ဓာတ်ကြံ့ခိုင်ရန် စာဖတ်ခြင်းသည် ကြီးမားသော အထောက်အကူ ပြုမှုဖြစ်၍ ၎င်းတို့ အနေဖြင့် စစ်တပ်ပိုင် နေ့စဉ်သတင်းစာနှင့် စာအုပ်၊ စာစောင်များ၊ မဂ္ဂဇင်းနှင့် ဆောင်းပါးများ၊ အထွေထွေ ဗဟုသုတဆိုင်ရာများ ပုံမှန်ထုတ်ဝေ ဖြန့်ချိပေးလျက်ရှိသည်ဟု ဒုစစ်ခေါင်းဆောင်က ဆိုသည်။