ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်

အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ကိုကိုးကျွန်းပေါ်က အခြေအနေတွေကို စဉ်ဆက်မပြတ် စောင့် ကြည့်နေတယ်လို့ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ်ဘတ်ချီက ပြောကြားလိုက်ပါတယ်။

၁၉၉၀ ပြည့်နှစ်တွေကတည်းက မြန်မာနိုင်ငံက ကိုကိုးကျွန်းပေါ်မှာ ထောက်လှမ်းရေးစခန်းတစ်ခု ဖွင့် လှစ်ခွင့်ပြုခဲ့တယ်လို့ သူက မီဒီယာတွေရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေအရ ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှု က အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ဖြစ်လာစေတယ်လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။

မြန်မာစစ်တပ်က တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေတာ အိန္ဒိယနိုင်ငံနဲ့ ရေတပ်အတွက် သိသာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်စေနိုင် တယ်လို့ ဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာ ပင်လင်ပြင်ထွက်ပေါက်ရရှိဖို့ တရုတ်နိုင်ငံက စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရ ကိုဖြုတ်ချကာ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာမှာ အ ထီးကျန်ဆန်လာခဲ့ပြီး တရုတ်နဲ့ရုရှားအပေါ် ပိုမို အားထားလာရပါတယ်။

မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုတော့သလို ယူနန်ပြည်နယ်တွင်းသို့ စွမ်းအင်သွင်းကုန်တွေ တိုက်ရိုက် ပို့ဆောင်နိုင်ဖို့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းမှတစ်ဆင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်နိုင်ပါတယ်။

ကိုးကား – ANI News
Ref; India keeps watch on developments concerning its security, says MEA on militarization of Myanmar’s Coco Islands

#Ayeyarwaddy_Times