ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား တိုးချဲ့လာမှုကိုဟန့်တားဖို့ အိန္ဒိယနိုင်ငံက အန်ဒမန်နဲ့ နီကိုး ဘားကျွန်းသို့ ဟန့်တားရေးစနစ်တွေ ဖြန့်ကြက်လိုက်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ ကိုကိုးကျွန်းအနီး လှုပ်ရှားမှုတွေကို အိန္ဒိယနိုင်ငံက စောင့်ကြည့်နေပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီက ကိုကိုးကျွန်းပေါ်ရှိ လေယာဉ်ပြေးလမ်းကို မီတာ ၁၃၀၀ မှ ၂၃၀၀ အ ထိ တိုးချဲ့ခဲ့သလို စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အန်ဒမန်နဲ့ နီကိုးဘားကျွန်းရဲ့မြောက်ဘက် ၅၅ ကီလိုမီတာအကွာမှာ သယ်ယူ ပို့ဆောင်ရေးလေယာဉ်တွေအတွက် လေယာဉ်ရုံတွေ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းရဲ့တောင်ဘက်မှာ အိန္ဒိယနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လေကြောင်းစောင့် ကြည့်ရေးစနစ် တပ်ဆင်ဖွယ်ရှိပါတယ်။
ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားတိုးချဲ့လာမှုကို တန်ပြန်မယ့်အစီအမံတွေ အိန္ဒိယအစိုးရက လုပ်ဆောင်မယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ကိုးကား – News Bytes
Ref; India deploys deterrence capabilities in Andamans to counter China’s presence