ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်
အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီနဲ့ တွေ့ဆုံကာ ထိုင်ဝမ်က မကြုံစဖူး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆိုင်အင်ဝမ်က ဗဟိုအမေရိက ခရီးစဉ်မှပြန်လာတာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ရိုနယ်လ်ရီဂင်စာ ကြည့်တိုက်မှာ ခရီးတစ်ထောက် နားတာဖြစ်ပါတယ်။

ဆွေးနွေးမှုတွေပြုလုပ်ရာမှာ သွေးစည်းညီညွတ်မှုပြသဖို့ ဆိုင်အင်ဝမ်ဟာ မတ်ကာသီ၊ ရီဗက်ပလီကင်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကျွန်မတို့ သန်မာရပါမယ်။ ကျွန်မတို့ အတူတကွရှိမယ်ဆိုရင် ကျွန်မတို့ ပိုသန် မာပါတယ်” လို့ ဆိုင်အင်ဝမ်က ပြောပါတယ်။

မတ်ကာသီဟာ အမေရိကန်မြေပေါ်မှာ ထိုင်ဝမ်ခေါင်းဆောင်တစ်ဉီးနဲ့ တွေ့ဆုံတဲ့ အဆင့်မြင့်ဆုံး လွှတ် တော်အမတ်တစ်ဉီးဖြစ်ပါတယ်။

“ထိုင်ဝမ်နဲ့ အမေရိကန်ပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုမှာ စီးပွားရေးလွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒေ သတွင်း တည်ငြိမ်မှုထိန်းသိမ်းဖို့ အရေးကြီးပါတယ်” လို့ မတ်ကာသီက ဆိုပါတယ်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှု ဆက်လက်ပြုလုပ်ဖို့နဲ့ အချိန်မီ ပေးပို့ဖို့ လိုအပ် တယ်လို့ မတ်ကာသီက ပြောပါတယ်။

ဆိုင်အင်ဝမ်ဟာ သြဂုတ်လအတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပီလိုစီနဲ့ တွေ့ဆုံ ခဲ့တာကြောင့် တရုတ်ခေါင်းဆောင်တွေက ထိုင်ဝမ်ဝန်းကျင်မှာ အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး အဆိုပါခရီးစဉ်ကို တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆိုင်အင်ဝမ်ရဲ့ အမေရိကန်နိုင်ငံမှာ ခရီးတစ် ထောက်နားမှုကို ဘေးချိတ်ရန်ကြိုးပမ်းခဲ့ပြီး တရုတ် တာဝန်ရှိသူတွေက တင်းမာမှုတွေမြင့်တက်လာအောင် ဆင် ခြေတစ်ခု မသုံးသင့်ဘူးလို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Tsai meets with US House Speaker McCarthy