ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ မတ်လ ဒုတိယပတ်ကစတင်ကြီး သောက်သုံးရေရှားပါမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ပုသိမ် – မော်တင်သွားတဲ့ ကားလမ်းဘေးက ကျေးရွာတွေနဲ့ ချောင်းသာ၊ ငွေဆောင်သွားတဲ့ ကားလမ်းဘေးက ကျေးရွာတွေမှာ အဓိက သောက်သုံးရေရှားပါးလာတာလို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
” ရေရှားပါးတာတော့ နှစ်တိုင်းဖြစ်နေတာပါ၊ စီမံကိန်းနဲ့ လုပ်မပေးနိုင်ရင် နှစ်တိုင်းဒီကျေးရွာတွေက ရေရှား ပါးနေအုံးမှာပဲ။ ကျေးရွာမှာ သောက်သုံးရေရှားပြီဆိုမှ မြို့ကသွားလှူလိုက်နဲ့ နှစ်စဥ်အလုပ်လိုဖြစ်နေပြီ”လို့ သောက်သုံးရေလှူပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့နယ်အတွင်းက သောက်သုံးရေရှားပါတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေက သောက်သုံးရေရရှိဖို့ကို နာရီဝက်ကျော်သွားရောက် ရေခပ်ရတဲ့အထိ သောက်သုံးရေပြဿနာတွေ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာတွေကို ပုသိမ်မြို့ပေါ်က ရေဘောက်ဆာကားကြီးတွေရှိတဲ့ ဘက်စုံလူမှုကူညီရေး အဖွဲ့(ပုသိမ်)၊ မနောဖြူနဲ့ စေတနာရှင်တွေက တက်နိုင်သလောက် ကူညီလှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။
#ပုသိမ်မြို့နယ် #သောက်သုံးရေရှားပါးမှု #Ayeyarwaddy_Times