ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်ဟွန်ဟာ ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရ ကုလသ မဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ လက်ခံတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံးနဲ့ လက်တွဲဆောင်ရွက်ရေးမှာ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ နှစ်ဉီးစလုံးက အမြင်တွေ ဖ လှယ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးမှာ မြန်မာ့အရေး အ ဆုံးသတ်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံအဖွဲ့က ဘုံသဘောတူညီချက် ၅ ရပ် အဆိုပြုခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ လိုအပ်သူအားလုံးထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အာဆီယံအဖွဲ့ရဲ့ ကြိုး ပမ်းမှုတွေကိုလည်း ဒေါက်တာ ကောင်ကင်ဟွန်က မျှဝေခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ကို ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်စေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုတယ်လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းယူခဲ့တာကြောင့် မြန်မာနိုင်ငံက ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး ပဋိပက္ခတွေ၊ ဆူပူမှုတွေ၊ နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရှိလာခဲ့ပါတယ်။

ကိုးကား – Bernama
Ref; ASEAN Sec-Gen, UN Special Envoy discuss Myanmar situation