ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် မြန်မာနိုင်ငံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖွဲ့ စည်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို ဗြိတိသျှတို့ရဲ့ ကိုလိုနီအုပ်ချုပ်ရေးပြီးနောက် မြန်မာနိုင်ငံကို တည် ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဉီးဆောင်ခဲ့ပါတယ်။

၃၅ နှစ်ကြာလာတဲ့အချိန် ပြီးခဲ့တဲ့အပတ်အတွင်း လက်နက်အားကိုးပြီး အာဏာသိမ်းယူကာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့တဲ့ စစ်ကောင်စီက NLD ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်က စိတ်ပျက်စရာဖြစ်ပေမယ့် ဇာတ်လမ်းတစ်ပုဒ်ရဲ့နိဂုံး မဖြစ်နိုင်ပါဘူး။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလမှာ လက်ရှိ စစ်အာဏာရှင်ဖြစ်တဲ့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ မုဒိမ်းမှု၊ သတ်ဖြတ်မှုနဲ့ ရွာလုံးကျွတ် မီးရှို့မှုတွေ အပါအဝင် အတိုက်အခံတွေကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်ဖို့ ကြိုး ပမ်းခဲ့ပါတယ်။

NLD ကိုဖျက်သိမ်းပြီး နှစ်ရက်အကြာမှာ စစ်ကောင်စီက ချင်းပြည်နယ် ထန်တလန်မြို့မှာ မြေလှန်မီးရှို့ စနစ် ကျင့်သုံးကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ထန်တလန်မြို့ဟာ မြန်မာစစ်တပ်ရဲ့ စီးနင်းမှု၊ မီးရှို့တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မီးလောင် တစ်စပြင်လို ဖြစ်နေပါပြီ။

အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်ကြောင့် ပြည်သူ ၃၁၀၀ ကျော် သေဆုံး ကာ ပြည်သူ တစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပေမယ့် တိုင်းပြည်တစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ကို ပြန်လည်ခုခံနေပါတယ်။ ဒီနှစ်အတွင်း အရပ်သားအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ရွေးကောက်ပွဲကျင်းပရေး မင်းအောင် လှိုင်က ကြေညာခဲ့ပေမဲ့ ရက်မသတ်မှတ်ရသေးပါဘူး။

တရားမဝင် ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဘူးလို့ NLD က ကြေညာခဲ့တာကြောင့် အခြားပါတီ ၃၉ ခုနဲ့အတူ စစ်ကောင်စီက NLD ကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမတ်နေရာ ၇၉ ရာခိုင်နှုန်းနဲ့ ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာကြောင့် ရွေးကောက်ပွဲမှာ NLD ပါဝင်မှုက မြန်မာနိုင်ငံမှာ အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်ရေး အခြေခံကျကျ လိုအပ်ပါတယ်လို့ နိုင်ငံတကာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) က အစီရင်ခံစာတစ်ခုမှာ ရေးသားခဲ့ပါတယ်။

အာဏသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က NLD မပါဝင်တဲ့ ရွေးကောက်ပွဲကျင်းပလိုတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် နိုင်ငံတော်အဆင့် စီမံခန့်ခွဲတဲ့ ဟာသတစ်ခုသာ ဖြစ်လာပါလိမ့် မယ်။ ဖျက်သိမ်းခံရပြီး ပါတီဝင် ၈၀ ကျော်နဲ့ ခေါင်းဆောင်ပိုင်းတွေ ထောင်သွင်းအကျဉ်းချခံနေရပေမယ့် NLD က စစ်ကောင်စီကို ဆက်လက် ဖီဆန်နေဆဲဖြစ်ပါတယ်။

အကျဉ်းချခံနေရတဲ့ NLD ခေါင်းဆောင်ပိုင်းထဲမှာ အတုအယောင် တရားစီရင်မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ပြစ် ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန် မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးအကြိမ် ဒဏ်ခတ်ခံရသူတွေထဲမှာ အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်နေရာမှာ အဓိကဖြစ်တဲ့ စစ်ကောင်စီထံ လေယာဉ်ဆီထောက်ပံ့နေတဲ့ လူပုဂ္ဂိုလ် နှစ်ဉီးနဲ့ စီးပွားရေးလုပ်ငန်းခြောက်ခု ပါဝင်ပါတယ်။

ထင်ရှားတဲ့ဖြစ်စဉ်တစ်ခုမှာ စစ်ကောင်စီက စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း တိုင်းဒေသကြီး လက်ယက်ကုန်းကျေးရွာအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင်ကျောင်းတစ် ကျောင်းကို ထိမှန်ခဲ့သလို နိုဝင်ဘာလအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၌ ဂီတဖျော်ဖြေပွဲ တစ်ခုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းတိုင်းပြည်တွေက သံခင်းတမန်ခင်းနဲ့ စစ်ကောင်စီကို ချုပ်ထိန်းတာလည်း မအောင်မြင်ခဲ့ပါ ဘူး။ အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရင်ဆိုင်ရတာကြောင့် စစ်ကောင်စီက အ ကူအညီရရှိဖို့ တရုတ်နဲ့ရုရှားဘက်ကို လှည့်လာခဲ့ပါတယ်။

မြန်မာပြည်သူတွေက ကြောက်မတ်ဖွယ်ရာတန်ဖိုး ပေးဆပ်နေရပါတယ်။ ဒီမိုကရေစီဆိုတာ သတ်ဖြတ်လို့ မရတဲ့ စံတစ်ခုဖြစ်သလို ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အင်အားသုံးပြီး ကွက်ပျောက်အောင်လုပ်လို့ မရပါ ဘူး။

The Washington Post ပါ No fake election can disguise the violence and repression in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။