နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) /ဧပြီလ၅ရက်

ကရင်ပြည်နယ် ၊ မြဝတီမြို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကို အနီးတွင် ယနေ့ ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တော်လှန် ရေးအဖွဲ့များ ဖြစ်ကြသည့် KNLA ၊ KTLA ၊ KNU ၊ PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီ ပူးပေါင်း BGFတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါ ထိတွေ တိုက်ပွဲများကြောင့် ထီးကောထေားကျေးရွာ ၊ သက္ကာရကျေးရွာ၊ ထလော့ကျေးရွာနှင့် ရွှေကုက္ကို အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူ ၃,၀၀၀ ကျော်သည် ထိုင်းနိုင်ငံ နယ်စပ်ဂိတ်များတွင် ခိုလှုံနေရကြောင်း စစ်ဘေးရှောင်များကို သွားရောက် ကူညီနေသူများထံက သိရသည်။

“လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေပြီး ထိုင်းဘက်အခြမ်းကို ထွက်ပြေးခဲ့လာကြတာ။ ထိုင်းနိုင်ငံနယ်စပ်အဝင်ဂိတ်တွေမှာ စစ်ရှောင်နေရကြရတယ်။ လောလောဆယ်တော့ ထိုင်းစစ်တပ်က စားရေးသောက်ရေးအတွက်ပါ ကူညီပေးထားတယ်” ဟု စစ်ဘေးရှောင်များထံ သွားရောက်၍ စားစရာများ လှူဒါန်းခဲ့သည် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေားသည်။

လက်ရှိထိုင်းနိုင်ငံနယ်စပ်များဖြစ်ကြသည့် ထာ့စိုင်ဂိတ် ၊ ထာ့ကျဲဂိတ် ၊ ထာ့လူးစနယ်ဂိတ် ၊ ထာ့(ထာ့၃၄) ဂိတ်၊ နောင်ဘိုဝါးကြီးနှင့် ကြာနီနွားခြံများတွင် ကလေး၊ သက်ကြီး ရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါဝင် စစ်ရှောင်ပြည်သူ ၃,၀၄၃ ဦးကို ထိုင်းနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကူညီပေးထားကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။

#ကရင်ပြည်နယ် #ရွှေကုက္ကို #တိုက်ပွဲဖြစ်ပွား #ဒေသခံ၃၀၀၀ကျော် #ထိုင်းနိုင်ငံ #စစ်ဘေးရှောင် #ထိုင်းစစ်တပ် #ကူညီစောင့်ရှောက် #Ayeyarwaddy_Times