
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၁၀၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM ပြုလုပ်အလင်းဝင်ရောက် လာကြောင်း KNU သတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါစစ်သားများသည် KNU တပ်မဟာ ၆ နယ်မြေ ဝေါလေဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေရာမှ ယမန်နေ့ ဇူလိုင် ၁၀ ရက်က ကရင်တပ်ဖွဲ့များထံ CDM ပြုလုပ်လာခြင်းဖြစ်သည်။
တပ်မ ၄၄ လက်အောက်ခံတပ်ရင်း ၁ ခုဖြစ်သည့် ခမရ ၁၀၂ မှ ဇော်ထက်အောင်၊ အောင်အောင်၊ရဲမင်းမြတ်၊အောင်ကျော်ထူး၊ အောင်ငြိမ်းချမ်းတို့ဖြစ်ပြီး အားလုံးမှာ တပ်သားအဆင့်များဖြစ်ကာ စစ်မှုထမ်းသက် ၃ နှစ်ဝန်း ကျင်ရှိစစ်ကောင်စီတပ်သားများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်သားများအား KNU မှ လွတ်မြောက်နယ်မြေတနေရာသို့ပို့ဆောင်ကာ လိုအပ်သည့်ထောက်ပံမှုများဖြင့်ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရသည်။