
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မဲဇယ်ရွာကားဂိတ်အနီး က စစ်ကောင်စီစစ်ကြောင်း ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်အပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဒီပဲယင်း PDF ထံက သိရသည်။
အဆိုပါတိုက်ပွဲသည် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကဖြစ်ပြီး ရွှေဘိုခရိုင် တပ်ရင်းအမှတ်-၁၂က ဦးဆောင်ပြီး ရွှေဘိုခရိုင် တပ်ရင်းအမှတ်-၂၄ ၊ NGA LPDF၊ Northwest Plains Squad – Depeyin PDF နှင့်နယ်မြေခံပကဖတပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ Northwest Plains Squad – Depeyin PDF ထံကသိရှ်ိရသည်။