ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့မရဲစခန်းကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ဇူလိုင်လ ၁၁ ရက် နံနက်အစောပိုင်း ၂ နာရီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲဲ့ကြောင်း တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။

“ထိချက်မှန်မှန်နဲ့မြို့မရဲစခန်းထဲကို သုံးလုံးတိတိကျခဲ့တယ်ဗျ စစ်သားသုံးရောက်ထက်မနည်းသေဆုံးပြီး အထိခိုက်ဒဏ်ရာရတဲ့လူလည်းများနိုင်တယ်။အဆောက်အဦးတွေလဲ ပြိုကျပျက်စီးလတ်တလောသိထားရတယ်” လို့ တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့က ဗိုလ်စွမ်းသူမောင် က ဧရာဝတီတိုင်းမ်ကိုပြောပါသည်။

အဆိုပါတိုက်ခိုက်မှုသည် တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့တပ်ခွဲ (၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၄)တို့ပူပေါင်းကာ (၁၂၀)မမ (၈၀)မမ ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ကပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်ကလည်း ဒုန်းနှစ်စင်း လွှတ်တင်ကာလက်နက်ကြီး၊ မောင်းပြန်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့လို့မိမိတို့ တပ်ဖွဲဲ့ဘက်က လက်နက်ကြီး (၉)လုံးသာ ပစ်ခွင့်ရခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့တယ်လို့တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များကပြောသည်။

တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ စစ်ကောင်စီတပ်သား၊ရဲ၊ပျူစောထီးများကို အလင်းသင့်သလို သုတ်သင်ရှင်းလင်းသွားမယ်လို့ တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဝင်များကပြောသည်။

ရုပ်သံ-တွေ့ရာင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့