ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်
မိဘတွေရဲ့ ခွင့်မပြုချက်မပါဘဲ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကို ချိုးဖောက်တာ အပါအဝင် အချက်အလက်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုကြောင့် ဗြိတိန် အချက်အလက် စောင့်ကြည့်ရေးအဖွဲ့က တရုတ်ဗွီဒီယို အပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ကို ဒေါ်လာ ၁၆ သန်းခန့် ဒဏ်ရိုက် လိုက်တယ်လို့ သိရပါတယ်။
TikTok ဟာ ၂၀၁၈ ခုနှစ်မှစပြီး အခုလို ခွင့်ပြုချက်ရရှိဖို့ ပျက်ကွက်ခဲ့တယ်လို့ မနေ့က ဒဏ်ရိုက်တဲ့ဆုံး ဖြတ်ချက်ကို ကြေညာခဲ့တဲ့ ပြန်ကြားရေးမဟာမင်းကြီးရုံးက ပြောပါတယ်။
အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို အကောင့်ဖန်တီးခွင့်မပြုဖို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ထားပေမယ့် TikTok ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း အသက် ၁၃ နှစ်အောက် ကလေးငယ် ၁ ဒသမ ၄ သန်းကို TikTok အသုံးပြုခွင့်ပြုခဲ့တယ်လို့ ပြန်ကြားရေးမဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။
ဗြိတိန် ပြန်ကြားရေးမဟာမင်းကြီးရုံးရဲ့ ဒဏ်ရိုက်တဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်လို့ TikTok ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။
အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ TikTok အသုံးပြုတာကို စောင့်ကြည့်ဖို့ ကြီးမားစွာ ရင်းနှီးမြှုပ် နှံနေပြီး စံသတ်မှတ်ချက် ဘေးအန္တရာယ်ကင်းရေး အချိန်ပြည့်စောင့်ကြည့်ဖို့ ဝန်ထမ်းအင်အား ၄၀၀၀၀ နဲ့ စောင့် ကြည့်နေတယ်လို့ သူက ဆိုပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဒဏ်ရိုက်တဲ့ဆုံးဖြတ်ချက်ကို သုံးသပ်ဖို့ TikTok က ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး နောက်တစ်ဆင့် စဉ်းစားနေတယ်လို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; UK watchdog fines TikTok $16 million for breaching data protection law