ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းက ချောင်းသာကမ်းခြေကိုသွားတဲ့ ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ကနေထွက်တဲ့ ”ဇွဲ” ခရီးသည်တင်မှန်လုံယာဥ်ဟာ ချောင်းသာနား မရောက်ခင် မိုင်တိုင် (၂၉/၁) မှာ မနက် ၈ နာရီ ၄၅ မိနစ်မှာ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ပုသိမ်နဲ့ ချောင်းသာ လိုင်းဆွဲနေတဲ့ကား ဥတိုကျေးရွာက မြတ်ရူကွေ့မှာမှောက်တာ၊ ချောင်းသာက ပရဟိတကားတွေ ဆင်းပြီး လူနာတွေသယ်ကြတယ် တစ်ဦးတော့သေတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုမှာ ကားပေါ်ပါလာတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားပြီး ၁၂ ဦး ဒဏ်ရာရရှိတာကြောင့် ချောင်းသာဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ချောင်းသာဆေးရုံကို ပို့ဆောင်ထားတဲ့လူနာ ၁၂ ဦးထဲမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာပြင်းထန်သူ လူနာ ၃ ဦးကို ပုသိမ်မြို့ဆေးရုံကြီးကိုလွှဲပြောင်း ကုသနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကနေသိရပါတယ်။

#ချောင်းသာ #ခရီးသည်တင်ယာဥ် #တိမ်းမှောက် #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times