ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်

စစ်ကောင်စီက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယုံကြည်မှုတည်ဆောက်ကာ ဘေးကင်းဖို့ လုပ်ဆောင်ရ မယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ဖြိုခွင်းမှုကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာမူ ဆလင် ၁ ဒသမ ၂ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပြီး လူသားချင်းစာနာမှု အကူအညီ ပေးနေရပါ တယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်စတင်ဖို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီးနောက် အဲဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့အပတ်အတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဟာ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက်ဖြစ်ရပါမယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဇာနူရာမန်က ပြော ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်က မြန်မာအာဏာပိုင်တွေအပေါ် မူတည်ပြီး ကိုယ့်ပြည်သူတွေ ကို ယုံကြည်မှုရှိရှိ ဂုဏ်သိက္ခာရှိရှိ ပြန်ခေါ်ဖို့က မြန်မာနိုင်ငံရဲ့တာဝန်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး စတင်ဖို့ ပြင်ဆင်ထားပေမယ့် ရိုဟင်ဂျာတွေ နေရပ် ပြန်ဖို့ အသင့်ဖြစ် မဖြစ် မေးခွန်းရှိနေဆဲဖြစ်ကာ အဆိုပါလုပ်ငန်းစဉ်မှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ပါဝင်မယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတာ ကြောင့် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ကိုးကား – Arab News
Ref; Bangladesh says Myanmar must build trust, safety for Rohingya repatriation