ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းက သူ့ကို ထောက်ခံကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး ပါကစ္စတန်နိုင်ငံက မြန်မာလိုမျိုး စစ်အာဏာရှင်တစ်ဉီးအောက် ကျရောက်သွားနိုင်တယ်လို့ သတိပေးလိုက်ပါ တယ်။
ပါကစ္စတန်နိုင်ငံကို မြန်မာလိုမျိုး အဖြစ်မခံဖို့ အမ်မရန်ခန်းက ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး တိုင်းပြည် ဟာ မြန်မာနိုင်ငံလိုမျိုး ဖြစ်လာနိုင်တဲ့ လမ်းဆုံလမ်းခွရောက်နေ သို့မဟုတ် တူရကီလိုမျိုး ခုခံကြဖို့ သတိပေးလိုက် ပါတယ်။
“ဒီနေ့အချိန်မှာ ကျွန်တော်တို့ တူရကီ ဒါမှမဟုတ် မြန်မာလိုမျိုး ဖြစ်လာနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ သမိုင်း ကြောင်းအရ အလှည့်အပြောင်းတစ်ခုမှာ ရပ်တည်နေပါတယ်” လို့ ခရစ်ကတ်သမားမှ နိုင်ငံရေးသမားဖြစ်လာခဲ့သူ အမ်မရန်ခန်းက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ မြန်မာလိုမျိုး စစ်တပ်ကထိန်းချုပ်ထားတဲ့ နောက်ထပ်တိုင်းပြည် သို့မဟုတ် ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စစ်အာဏာသိမ်းမှုကို ဟန့်တားနိုင်ခဲ့တဲ့ တူရကီလိုမျိုး ဖြစ်လာနိုင်တဲ့ လမ်းဆုံလမ်းခွအခြေအနေ ရောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီစနစ်ကို ခဏတာ ခံစားခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့တာကြောင့် စစ်တပ်လက်ထဲ ပြန်ရောက်သွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းကာ စွဲချက် အမျိုးမျိုးတင်ကာ အကျဉ်းချထားပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှာ တူရကီစစ်တပ်က အစိုးရနဲ့ သမ္မတ ရီစက်တေယက်အာဒိုဂန်ကို ဖြုတ်ချကာ ၁၉၆၀ ခုနှစ်နောက်ပိုင်း စတုတ္ထအကြိမ် အာဏာသိမ်းယူဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့် သစ္စာစောင့်သိသော စစ်သားတွေ၊ ရဲတွေရဲ့ အကူအညီနဲ့ တူရကီပြည်သူတွေက စစ်တပ်ကို ပြန် လည်တိုက်ခိုက်ပြီး နာရီအနည်းငယ်အတွင်း စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ပါတယ်။
ကိုးကား – The Hindustan Times
Ref; Imran Khan’s warning to Pakistan: ‘can be like Türkiye or become…’