ဧရာ၀တီတိုင်းမ်
ဧပြီလ ၄ ရက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကရင်ကန်စစ်ရေးဂိတ်နှင့် သစ်တောဂိတ်ရှိ စစ်ကောင်စီ တပ်ဖွဲ့၀င်တို့ကို ယနေ့ ညနေပိုင်းအချိန်က ခရမ်း PDF မှ ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဧပြီ ၃ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က အဆိုပါစစ်ရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများကို တစ်ပြိုင်နက်တည်း အပြင်းစား ၄၀-မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှလည်း စက်သေနတ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့ သည်။
” ကရင်ကန်ဂိတ်နဲ့ သစ်တောဂိတ်က စစ်သားတွေကို ၄၀ မမ နှစ်လုံးစီ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးမှုများပါမယ်။ တပ်ဖွဲ့၀င်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ခရမ်း PDF တာ၀န်ရှိသူမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ခရမ်း PDF တပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်ကန်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သစ်တောဂိတ်မှ စစ်ကောင်စီတပ်သား တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးမှန်ပြီးတော့ နေရာမှာတင်သေတဲ့ စစ်သားတွေရှိတယ်။ သူတို့တွေ အဲဒီအလောင်း တွေကောက်ဖို့ကို ဒီဘက်ကထပ်မပစ်အောင်လို့ စက်သေနတ်တွေနဲ့ ရမ်းပစ်ကြတာ ၅ မိနစ်လောက်ကြာတယ်။ နောက်တော့ လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေနဲ့ တင်သွားတယ်။ ခုတော့ အကုန်ပိတ်ဆို့ထားတယ်”ဟု ကရင်ကန်တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက အတည်ပြုပြောကြားသည်။
#ရန်ကုန်တိုင်း #ခရမ်းမြို့နယ် #ကရင်ကန်ဂိတ် #သစ်တောဂိတ်မှ #စစ်ကောင်စီတပ်သား #၄၀မမဗုံးသီး #Ayeyarwaddy_Times