ဧရာဝတီတိုင်းမ်
ဧပြီလ ၄ ရက်

မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ကုန်သွယ်မှု ပိတ်ပင်ထားမှုကို အာခံပြီး စစ်ကောင်စီဟာ မကြာသေးမီ က မြောက်ကိုရီးယားနိုင်ငံမှ လက်နက်တေွ ဝယ်ယူခဲ့ဖွယ်ရှိတယ်လို့ NK News က တွေ့ရှိခဲ့တဲ့ ကုလသမဂ္ဂ ပညာ ရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ခုရဲ့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Shune Lei Co Ltd က မြန်မာစစ်တပ်နှင့် ကုလသမဂ္ဂက ဒဏ်ခတ် အရေးယူထားတဲ့ Korea Mining Development Trading Corporation ကြား ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ တယ်လို့ အဖွဲ့ဝင်နိုင်ငံတစ်ခုမှ အချက်အလက်တွေကို ကိုးကားပြီး အဆိုပါအဖွဲ့က ဆိုပါတယ်။

မြန်မာစစ်တပ်က မြောက်ကိုရီးယားနိုင်ငံမှ မည်သို့သော လက်နက် သို့မဟုတ် စစ်လက်နက်ကိရိယာတွေ ဝယ်ယူခဲ့တယ်ဆိုတာကိုတော့ အစီရင်ခံစာက မဖော်ပြပါဘူး။

Royal Shune Lei Co Ltd မှာ ဝဘ်ဆိုဒ်မရှိပေမယ့် မှတ်တမ်းတွေအရ ဉီးတင်မျိုးအောင်၊ ဉီးအောင်ကိုကို ဉီးနဲ့ ဒေါ်မွန်မွန်အောင်ဆိုတဲ့ ဒါရိုက်တာသုံးဉီးရှိတယ်လို့ ဆိုပါတယ်။

Royal Shune Lei Co Ltd က ၂၀၁၉ ခုနှစ်မှာ ရုရှားကုမ္ပဏီ Aero TechnokService LLC ထံမှ Mi-8 ရ ဟတ်ယာဉ်တစ်စင်းအတွက် အပိုအစိတ်အပိုင်းတွေ ဝယ်ယူခဲ့တယ်လု့ အချက်အလက်တွေက ဖော်ပြပါတယ်။

Royal Shune Lei Co Ltd က ဆားဘီးယား လက်နက်နဲ့ စစ်လက်နက်ကိရိယာထုတ်လုပ်ရေးကုမ္ပဏီ VIP Global Logistics မှ IIyushin-76 ကုန်တင်လေယာဉ်တစ်စင်း ဝယ်ယူဖို့ ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

၁၉၉၉ ခုနှစ်မှာ မြောက်ကိုရီးယားလုပ် ၁၃၀ မီလီမီတာ အမြောက်ကြီးတွေကနေ ၂၀၀၀ ပြည့်နှစ်တွေအ တွင်း တာလတ်ဒုံးကျည် အစိတ်အပိုင်းတွေ ပေးပို့တဲ့အထိ မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ လက်နက်ကုန် သွယ်မှု ပြုလုပ်ဖူးတဲ့ သမိုင်းတစ်ရပ် ရှိခဲ့ပါတယ်။

စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ပူးပေါင်းကာ Hwasong-5 တာတို ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ဖို့ စက်ရုံတစ်ခု တည်ဆောက်ခဲ့တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအ ကြံပေးကောင်စီ (SAC-M) က ဆိုပါတယ်။

တိုင်းပြည်အတွင်း အတိုက်အခံတွေကို ချေမှုန်းရာမှာ အကူအညီတောင်းခံဖို့ စစ်ကောင်စီက မြောက်ကိုရီး ယားနိုင်ငံဘက်ကို ဉီးလှည့်လာနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူဟောင်း ယန်ဟီးလီက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြောက်ကိုရီးယားနဲ့မြန်မာကြား နည်းပညာလွှဲပြောင်းမှုတွေ အများအ ပြား ရှိခဲ့ပါတယ်” လို့ ယန်ဟီးလီက ဆိုပါတယ်။

ကိုးကား – NK News
Ref; Myanmar’s military leaders may have purchased weapons from North Korea: Report