ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်
CEO တစ်ဉီးဖြစ်သူ အီလွန်မတ်စ်ရဲ့ စက်ဆုပ်ရွံရှာဆုံး သတင်းဌာနဖြစ်တဲ့ နယူးယောက်တိုင်းမ်သတင်းဌာ နရဲ့ Verified badge လို့ခေါ်တဲ့ Bluemark ကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ အယောင်ဆောင်အသုံးပြုသူတွေက အနှောက်အယှက်ပေးလို့မရအောင် တွစ်တာရဲ့ နာ မည်ကျော်အသုံးပြုသူတွေကို အတည်ပြုပေးတဲ့ အကောင့်တွေထံမှ ဝန်ဆောင်မှုအတွက် ငွေကြေးကောက်ခံမယ် လို့ တွစ်တာက ကြေညာပြီးနောက် အခုလို နယူးယောက်တိုင်းမ်သတင်းစာရဲ့ bluemark ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
Bluemark ရထားတဲ့ တွစ်တာအသုံးပြုသူတွေကို ဝန်ဆောင်မှုအတွက် ငွေပေးသုံးဖို့နဲ့ ငွေမပေးပါက Bluemark ကို ဆုံးရှုံးရမယ်လို့ တွစ်တာကိုပိုင်ဆိုင်တဲ့ အီလွန်မတ်စ်က ကြေညာခဲ့ပါတယ်။
The New York Times သတင်းစာက bluemark အတွက် ငွေမပေးနိုင်ကြောင်း ပြောပြီးနောက် bluemark ကို တွစ်တာက အခုလို ချက်ချင်းဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်။
တွစ်တာအကောင့်ရဲ့ bluemark အတွက် ငွေပေးမှာမဟုတ်ဖူးဆိုတဲ့ AP သတင်းဌာနရဲ့ bluemark ဟာ မနေ့ကနေ့လည်ပိုင်းအထိ ဖယ်ရှားခံမထိသေးပါဘူး။
တွစ်တာဟာ bluemark ရထားတဲ့ အသုံးပြုသူများအတွက် တစ်လကို ဒေါ်လာ ၈ ဒေါ်လာ ကောက်ခံ မည်ဖြစ်ပြီး အဖွဲ့အစည်းများအတွက် တစ်လကို ဒေါ်လာ ၁၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း တွစ်တာကို ဒေါ်လ ၄၄ ဘီလီယံနဲ့ ဝယ်ယူပြီးနောက် အီလွန်မတ်စ် ဟာ bluemark ရထားတဲ့ တွစ်တာသုံးစွဲသူတွေ၊ အဖွဲ့အစည်းတွေထံကနေ ငွေကောက်ခံကာ တွစ်တာရဲ့ဝင်ငွေ ရရှိမှု တိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။
တွစ်တာရဲ့ မူဝါဒအရ followers အနည်းဆုံး ၁၀၀၀၀ ကျော်ရှိတဲ့ အဖွဲ့အစည်းတွေဟာ ငွေပေးသည်ဖြစ် မပေးသည်ဖြစ်စေ bluemark ဆက်လက် အသုံးပြုခွင့်ရမယ်လို့ သိရပါတယ်။
ကိုးကား – The Independent
Ref; Twitter pulls check mark from main New York Times account