ဧရာဝတီတိုင်းမ်
ဧပြီလ ၂ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ရှိ မဟာဗောဓိရေတံခွန် သီလရှင်ကျောင်းတွင် ယနေ့ ဧပြီလ မနက် ၁ နာရီ ၄၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုတွင် သီလရှင်ကျောင်းရှိ ပျဥ်ထောင် အဆောင် ၃ ခုစလုံး မီးထဲပါသွားကြောင်း သီလရှင်ဆရာလေးများ ထိခိုက်မှုမရှိပဲ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မီးက ည ၂ နာရီလောက်ကစလောင်တာ။ ဘယ်လိုလောင်တာလဲဆိုတော့ မသိသေးဘူး။ မီးလောင်ပြီး သိပ်မကြာဘူး။ မီးသက်ကားရောက်လာတယ် ၃နာရီလောက်မီးငြိမ်းသွားတယ်။ ပြည်သူတွေလည်းဝိုင်းငြိမ်းကြတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၂၅ နှစ်ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဟာဗောဓိရေတံခွန် သီလရှင်ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သီလရှင် ၁၅ ပါးခန့်ရှိပြီး လက်ရှိတွင် အဆောင် ၃ ခု မီးလောင်ပျက်စီးမှုကြောင့် ရေတံခွန်ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်တွင် ပြောင်းရွေ့ သီတင်းသုံးနေရကြောင်း ဒေသခံများထံမှ သိရသည်။

#ငါးသိုင်းချောင်း #မဟာဗောဓိရေတံခွန် #ပျဥ်ထောင်
#Ayeyarwaddy_Times