ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်
ရန်ကုန်မြို့၊ အောင်မဂ်လာအဝေးပြေးကားဝင်း အမှတ် (၂)စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက်ပိုင်းအချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကားဝင်းအနီးနေထိုင်သူများထံမှ သိရသည်။
ယနေ့ ဧပြီ ၁ ရက်နေ့ နံနက် ၉ နာရီ၀န်းကျင်အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်းမကြီးဘေးရှိ အောင်မဂ်လာအဝေးပြေးကားကွင်းရှိ ဂိတ်(၂)အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အဲဒီနားမှာက စစ်သားနဲ့ ရဲတွေရှိတယ်။ စစ်ဆေးရေး ဂိတ်လိုမျိုးပေါ့။ မနက်က ပေါက်ကွဲတာ အသံကျယ်ကြီးပဲ။ လူတွေတော့ အဲဒီနားမရှိဘူး။ ရှိတာဆိုလို့ ရဲနဲ့ စည်ပင်တွေ၊ စစ်သားတွေပဲရှိတာ။ သေတယ်တော့ ကြားတယ်။ သွားလည်းမကြည့်ရဲဘူး”ဟု ကား၀င်းအတွင်းရှိ ကုန်ထမ်းလုပ်သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပေါက်ကွဲမှုကြောင့် ရဲတပ်သားများနှင့် စည်ပင်၀န်ထမ်းများမှ ယာဉ်များကို လမ်းရှင်းနေစဉ် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားနှစ်ဦးနှင့် စည်ပင်၀န် ထမ်းတစ်ဦးတို့ ပြင်ထန်းဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၀င်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယင်းဖောက်ခွဲမှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association (YUA)အဖွဲ့၀င်ဖြစ်သည့် God’s Hand Forces(GHF)မှ အသက်လျော်ကြေးစစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association (YUA)တာ၀န်ရှိသူတစ်ဦးမှ “စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ အမှတ်၂ စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ဆင်ရေးက အသက်လျော်ကြေးစစ်ဆင် ရေးပါ။ ရဲ နှစ်ယောက်ထိတယ်လို့တော့ သိရတယ်။ သေချာတော့ မသိရသေးဘူး”ဟု ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီမှပြုလုပ်သည့် သက်ြန်ပွဲတွင် မပါ၀င်ခြင်းအားဖြင့် ပြည်သူကိုကိုယ်ချင်းစာမျက်နှာမူပေးကြရန် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association (YUA)မှ မေတ္တာရပ်ခံထားသည်။
#မဂ်လာဒုံ #အောင်မဂ်လာအဝေးပြေး #ပေါက်ကွဲမှု #ရဲ #စည်ပင် #ရန်ကုန် #UG #YUA