ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်

ထိုင်းပြည်သူ ၅၅ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို “9near” ဟက်ကာတွေက ဘယ်လို ရယူခဲ့ တယ်ဆိုတာကို အတူတကွ အဖြေရှာနေတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာနက ပြောကြားပါတယ်။

ဟက်ကာတွေက ထိုင်းပြည်သူ ၅၅ သန်းရဲ့ မှတ်ပုံတင်နံပါတ်တွေ၊ အမည်တွေ၊ မွေးရက်တွေ၊ လိပ်စာတွေ နဲ့ ဖုန်းနံပါတ်တွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဌာနအောက်ရှိ မည်သည့်အဖွဲ့အစည်းထံကမှ အချက်အလက်တွေ ပေါက်ကြားခဲ့တာမရှိကြောင်း ကနဉီး စုံစမ်းစစ်ဆေးမှုက ပြသနေတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပက်စ်ကန်ကာဝင်းပေါင်က ပြောပါတယ်။

9near – Hactvist လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်တဲ့ The 9near.org ဝဘ်ဆိုဒ်က ကြေညာချက်တစ် ရပ် ထုတ်ပြန်ကာ အစိုးရဌာနအချို့မှ ထိုင်းပြည်သူ ၅၅ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူခဲ့တယ်လို့ ပြောပါတယ်။

9near ထံမှ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ အပါအဝင် ခြိမ်းခြောက်တဲ့မက်ဆေ့တစ်စောင် ရရှိခဲ့တယ်လို့ ထင် ရှားသော ရုပ်သံတင်ဆက်သူ ဆော်ရာယွပ်ဆူသာဆာနာချင်ဒါက ပြောပါတယ်။

ပုဂ္ဂိုလ်ရေးအချက်အလက် ချိုးဖောက်မှုတွေကို ပိတ်ပင်ပေးဖို့ ပြည်ပမှာအခြေစိုက်တဲ့ 9near ဝဘ်ဆိုဒ်ရဲ့ ထူထောင်ပေးတဲ့အဖွဲ့အစည်းကို ဆက်သွယ်ခဲ့ပေမယ့် အဖြေမရဘူးလို့ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဝန်ကြီး ချိုင်ဝပ်သာနာကာမာနူစွမ်က ပြောပါတယ်။

ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဧပြီ ၅ ရက် နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ဖို့ “9near” ဟက် ကာတွေက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ကျောင်းသူ/ကျောင်းသား ၂၃၀၀၀ ရဲ့ အချက်အလက်တွေကို ခိုးယူကာ ရောင်းချမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ပက်ချာဘွန်ဆေးရုံရှိ ဆရာဝန်တွေနဲ့ လူနာတွေ ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူကာ Raid Forum ဝဘ်ဆိုဒ်မှာ ရောင်းချဖို့တင်ခဲ့ပါတယ်။

ကိုးကား – The Nation
Ref; Hunt launched for ‘9near’ as it holds personal data of 55 million Thais to ransom