ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဧပြီလ ၁ ရက်

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ထန်တလန်မြို့နယ်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အ​ရပ်သားများအပေါ် အကြောင်းမဲ့ဗုံကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံထံမှ သိရသည်။

ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို မတ်လ ၃ဝ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးဖြင့် ၆ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားစုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ကြောင်းဒေသခံများက ပြောဆိုသည်။

“ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ ထွက်ပြေးဖို့ အချိန်လည်း မရဘူး။ရုတ်တရက် ဗုံးလာကြဲသွားတာ။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါသလို ဒဏ်ရာရရှိသူတွေထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါတယ်´´လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်ကောင်စီတပ်က လေယာဥ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဘုရားကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၁၂ လုံးလည်း ပျက်ဆီးသွားသည်ဟုဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁ဦးထဲတွင် အသက်မပြည့်သေးသည့် ကလေး ၄ ဦး လည်း ပါ၀င်ကြောင်းသိရသည်။

#ထန်တလန်မြို့နယ် #တိုက်ပွဲဖြစ်ပွားခြင်းမရှိ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်ခံရ