ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက် သိမ်းတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်က မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အပေါ် ထပ်မံ တိုက်ခိုက်မှုတစ်ခုလို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။
ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို လေးစားသမှုထားတဲ့ အဓိပ္ပာယ်ရှိသော၊ အားလုံးပါဝင်သော တွေ့ ဆုံဆွေးနွေးမှုမရှိပါက အာဏာသိမ်းစစ်ကောင်စီ ဖန်တီးတဲ့ မြန်မာ့အရေးအတွက် အဖြေမရှိနိုင်ဘူးလို့ ပြောရေးဆို ခွင့်ရှိသူက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုနဲ့ အတိုက်အခံတွေကို အကြောက်တရား သွတ်သွင်း ဖို့ ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာတွေ ပိုမို အသုံးပြုလာတာကို ဗြိတိန်နိုင်ငံက ရှုတ်ချတယ်လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ အဓိပ္ပာယ်ရှိသော အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖန်တီး ရေးအတွက် အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ ဗြိတိန်နိုင်ငံက မိတ်ဖက်နိုင်ငံတွေနဲ့ ဆက် လက်လက်တွဲမယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအနာဂတ် မျှော်မှန်းချက်တွေအတွက် ပံ့ပိုးကူညီဖို့ ဗြိတိန်နိုင်ငံက ထပ်လောင်းအတည်ပြုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးတိုင်းပြည်တွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတွေက စစ်ကောင်စီရဲ့ NLD အပါအဝင် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတဲ့လုပ်ရပ်အပေါ် ရှုတ်ချမှုတွေ ပြု လုပ်ခဲ့ပါတယ်။
ကိုးကား – https://www.gov.uk
Ref; Myanmar: FCDO statement on the dissolution of political parties