ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် နိုင်ငံ ရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလွန်အ မင်း စိုးရိမ်မိတယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့ အလွန် စိုးရိမ်မိတယ်လို့ ဂူတာရက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီ အင်စတီကျူးရှင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် ဘယ်လိုကြိုးပမ်းမျိုးမဆို အကျပ် အတည်းကို ပိုမို ဆိုးရွားစေကာ ဒီမိုကရေစီစနစ်ဆီ ပြန်လျှောက်လှမ်းမှုကို နှောင့်နှေးစေမှာသာဖြစ်တယ်လို့ ထုတ် ပြန်ချက်က ဆိုပါတယ်။
အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်ကို လိုက်နာစေရေး မြန်မာစစ်ခေါင်းဆောင်ပိုင်းကို တိုက်တွန်းဖို့ မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဂူတာရက်စ်က ထပ်မံတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်ဖက်သတ် ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်း တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – https://press.un.org
Ref; Secretary-General ‘Deeply Concerned’ by Reports of Military-Appointed Election Commission in Myanmar Dissolving Opposition Parties