ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံက ရှုတ်ချလိုက်ပါတယ်။

နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းလိုက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ လွတ်လပ်စွာ စု ဝေးခွင့်ကို နောက်ပြန်ဆုတ်စေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

ဒါ့အပြင် အခုလို နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်တဲ့ဆုံးဖြတ်ချက်က အာဏာသိမ်းမှု နောက်ပိုင်း ယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးရေးကို စနစ်တကျ ဖျက်ဆီးမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းမယ့် ဘယ်လိုအဖြေအတွက်မဆို အရေးပါတဲ့ အခြေအနေတစ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီ အတိုက်အခံတွေပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပေးမယ့် ကတိကဝတ်ကို ပြင်သစ်နိုင်ငံက ထပ် လောင်းအတည်ပြုတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာပြည်သူတွေရဲ့အသံ နားထောင်ဖို့ငြင်းဆန်မှုကိုလည်း ပြင်သစ်နိုင်ငံက ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရားမျှတမှုနဲ့ ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ပြင်သစ်နိုင်ငံက ပြတ်ပြတ် သားသား ဆက်လက် ရပ်တည်မယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ကိုးကား – France Diplomacy
Ref; Myanmar – Dissolution of the National League for Democracy (29 March 2023)