ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်
ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက အာ ဏာသိမ်းစစ်ကောင်စီကို ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်က မတည်ငြိမ်မှုတွေ ပိုမို ဖြစ်စေနိုင်တယ်လို့ သတိပေးလိုက်ပါ တယ်။
စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပြန်လည်မှတ်ပုံမတင်တဲ့အတွက် NLD ကို ဖျက်သိမ်းမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချ ခဲ့တဲ့ စစ်တပ်ကို အာဏာမြဲစေမယ်လို့ အတိုက်အခံတွေက ယုံကြည်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေချိန်မှာ အခုလို နိုင်ငံရေးပါတီတွေ ဖျက်သိမ်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
“NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းမယ့် မြန်မာစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် တို့ အပြင်းအထန် ရှုတ်ချပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲလ်က ပြောပါတယ်။
“မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး မပါဝင်တဲ့ ဘယ်လိုရွေးကောက်ပွဲမျိုးကမဆို လွတ်လပ်ပြီး တရားမျှ တမှာမဟုတ်ဘဲ စစ်ကောင်စီရဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲပြုလုပ်ဖို့ တွန်းအားပေးမှုက မတည်ငြိမ်မှုတွေ မြင့် တက်လာစေနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီပေါ် ဖိအားပေးမှု တိုးမြှင့်ဖို့ ကတိပြုခဲ့ပြီး စစ်ကောင်စီထံ လေယာဉ်ဆီ ထောက်ပံ့တဲ့ မည်သူကိုမဆို ဒဏ်ခတ်အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူရင် သက်ရောက်မှုတွေ ရှိလာမှာကို စိုး ရိမ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကြောင့် အဆိုပါနိုင်ငံပိုင်လုပ် ငန်းကိုတော့ အရေးမယူနိုင်သေးပါဘူး။
ကိုးကား – AFP
Ref; US condemns Myanmar dissolving Suu Kyi party