ဧရာ၀တီတိုင်းမ်
မတ်လ ၃၀ ရက်

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာကျေးရွာကြားရှိ စစ်ဆေး ရေးဂိတ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာ ကျေးရွာကြားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှ ရဲ နှစ်ဦး လိုင်းကြေးထွက်ကောက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“အဲ့ဒီရဲတွေက ဒီနေရာတွေမှာ လှည့်ပတ်ပြီး လိုင်းကြေးလိုက်ကောက်နေတာ။ ဒီနေ့ကောက်နေတုန်းမှာ ပစ်ခံရတာ။ သေနတ်အချက်ရေ မနည်းဘူး။ နှစ်ယောက်လုံး သေတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လိုင်းကြေးလိုက်လံကောက်နေသည့် အဆိုပါ ရဲ နှစ် ဦးကို ခရမ်း PDF အဖွဲ့က ပစ်ခတ်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

“သုံးခွ သုံးပေါက် ချွန်းက လိုင်းကြေးထွက်ကောက် ရဲနှစ်ကောင်ကို ပစ်ခတ် ရှင်းလင်းခဲ့တာပါ။ အချက် ၂၀ ကျော်တယ် ။ နေရာတင် နှစ်ယောက်လုံးသေတယ်”ဟု ခရမ်း PDF မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၁၁ နာရီခန့်က ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာမှ ကြံ့ခိုင်ရေး ပါတီဝင် စစ်တပ်သ‌တင်းပေးဆိုသူ ကိုမျိုးဇော်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

#ရန်ကုန်တိုင်း #သုံးခွ #သုံးပေါက်ချွန်း #ရဲ #လိုင်းကြေးကောက် #ပစ်ခတ်ခံရ #PDF #Ayeyarwaddy _Times