
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
တရုတ်ကို မိတ်ဖက်တစ်နိုင်ငံအဖြစ် ဆက်ဆံဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သြစတြေးလျ နိုင်ငံ ခြားရေးဝန်ကြီး ပင်နီဝေါင်ကို တိုက်တွန်းလိုက်ပြီး ယခင်အစိုးရတွေက တရုတ်ကို ရန်သူ သို့မဟုတ် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
သြစတြေးလျနိုင်ငံက အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ပြီး တရုတ်နိုင်ငံအကြောင်း မှန်ကန်စွာ နားလည်မယ် လို့ မျှော်လင့်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာပြုလုပ်တဲ့ G20 နိုင်ငံခြားရေးဝန်ကြီး တွေရဲ့ အစည်းအဝေးမှာ ဝမ်ယိက ပြောပါတယ်။
သြစတြေးလျအစိုးရအဆက်ဆက်က တရုတ်ကို ရန်သူအဖြစ် ရှုမြင်တာကြောင့် မကြာသေးမီနှစ်တွေအ တွင်း နှစ်နိုင်ငံကြားဆက်ဆံရေးမှာ အခက်အခဲတွေဖြစ်ခဲ့ရပြီး သြစတြေးလျနိုင်ငံရဲ့ ပြောစကားတွေနဲ့ လုပ်ရပ်တွေ က တာဝန်မဲ့ခဲ့တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း အယ်လ်ဘာနီ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီးနောက် သြစတြေးလျနဲ့တရုတ် က နှစ်နိုင်ငံ ဆက်သွယ်ရေးလိုင်း ပြန်လည်ဖွင့်လှစ်ကာ ဒုတိယဝန်ကြီးချုပ်က စင်ကာပူမှာ ဇွန်လအတွင်းပြုလုပ် တဲ့ အစည်းအဝေးမှာ တရုတ် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဝမ်ယိက ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုအဖြစ် ပန်နီ ဝေါင်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေမယ့် ပထမခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပန်နီဝေါင်က ပြောပါတယ်။
အမဲသား၊ ကျောက်ပုစွန်၊ သစ်နဲ့ ကျောက်မီးသွေးအပါအဝင် ပို့ကုန်များအပေါ် တရုတ်နိုင်ငံရဲ့ ဒဏ်ခတ်အ ရေးယူမှုတွေကို သြစတြေးလျနိုင်ငံက မကျေမနပ်ဖြစ်ခဲ့ပြီး သြစတြေးလျဝိုင်နဲ့ ဘာလီပို့ကုန်တွေအပေါ် စည်းကြပ် ခွန် ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးအငြင်းပွားမှုတွေ ဖြေရှင်းပေးမယ့် ဆွေးနွေးမှုတွေ ရှေ့ဆက်တိုးဖို့ အစားထိုး နည်းလမ်းတစ်ရပ် ရှာဖွေသင့်တယ်လို့ သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး ဒွန်ဖာရဲက အကြံပြုလိုက်ပါတယ်။
ပစိဖိတ်ဒေသမှာ တရုတ်သြဇာ ကြီးမားလာမှုနဲ့ပတ်သက်လို့ သြစတြေးလျနိုင်ငံက စိုးရိမ်မိကြောင်း ထုတ် ဖော်ပြောကြားခဲ့ပြီး ပေကျင်းက ပိုပြီး ရန်မူလာတယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘာနိစ်က သတိပေးခဲ့ပါတယ်။
ကိုးကား – The Guardian
Ref; Wang Yi urges Australia to treat China as partner not opponent