ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

အာဏာသိမ်းစစ်ကောင်စီက NLD အပါအဝင် နိုင်ငံရေးပါတီ ၃၉ ခုကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေ စီနဲ့ လွတ်လပ်မှုကို ကြိုးပမ်းနေတဲ့ ကိုယ့်ပြည်သူတွေကို ပမာမထားတဲ့ အရှက်မရှိဗြောင်ကျသော ဉပမာတစ်ခုလို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာဟာ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲက လက်ရှိအခြေ အနေအရ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဖူးဆိုတဲ့ နောက်ထပ် အထောက်အထားလို့ သူက ဆိုပါတယ်။

ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေမခံတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အပြုအမူတွေကို ဂျာမနီ နိုင်ငံက ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့် လာဖို့နဲ့ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေဖို့ ခြိမ်းခြောက်တာလို့ သူက ပြောပါတယ်။

အကြမ်းဖက်မှုတွေ အထူးသဖြင့် အရပ်သားတွေအပေါ် တိုက်ခိုက်တာနဲ့ အတိုက်အခံတွေကို လူမဆန်စွာ ဖိနှိပ်တာတွေ နှောင့်နှေးမှုမရှိဘဲ ချက်ချင်း ရပ်တန့်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ စစ် ကောင်စီကို တောင်းဆိုတယ်လို့ ၎င်းက ဆိုပါတယ်။

တိုင်းပြည်ကို တရားဥပဒေစိုးမိုးမှုကို အခြေခံတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်သို့ပြန်သွားခွင့်ရစေမယ့် နိုင်ငံရေး နဲ့ လူမှုရေးပါဝင်ပတ်သက်သူတွေနဲ့အတူ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ်ကို စစ်ကောင် စီက စတင်ရမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – https://www.auswaertiges-amt.de
Ref; Statement by a Federal Foreign Office Spokesperson on the dissolution of the National League for Democracy, the party of Aung San Suu Kyi in Myanmar