ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ မတ်လ ၃၀ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာတွင် ယနေ့ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံပြည်သူ ၁၀ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဒေသခံ အရပ်သား များတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် မောင်ဗန်ဒု ပါဝင်ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ခွာဖိုးကျေးရွာကို ဂျက်လေယာဥ် နှစ် စီးဖြင့် ခြောက် ကြိမ်တိုင်တိုင် လေကြောင်း တိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-ထန်တလန်က ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
#ချင်းပြည်နယ် #ထန်တလန်မြို့နယ် #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #ကလေးငယ်သေဆုံး #ပြည်သူ၁၀ဦးသေဆုံး #၂၀ဦးဒဏ်ရာရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…