ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းတိုက်နယ်ရဲစခန်းကို ယနေ့မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီခန့်က ၆၀ မမ၊ ၈၀ မမ အလုံး ၂၀ ဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ကြောင်း မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ညောင်ပင်ဝန်း တိုက်နယ်ရဲစခန်းအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူအပေါ် အနိုင်ကျင့်ယုတ်မာနေသောကြောင့် ထိုသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ပြန်လည်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ခြိမ်းခြောက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ Mahar PDF (SGG)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။