ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖျက်သိမ်းလိုက်တဲ့အပေါ် စိုးရိမ်မိကြောင်း ဂျပန်နဲ့ သြစတြေး လျနိုင်ငံတွေက ထုတ်ဖော်ပြောကြားခဲ့ပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရေး အား လုံး ပါဝင်သောလုပ်ငန်းစဉ်တစ်ရပ် ဆက်လက်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါ တယ်။

စစ်တပ်က အာဏာဆုပ်ကိုင်နိုင်မယ့် ရွေးကောက်ပွဲအတွက် သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်လို့ NLD နဲ့ အခြားနိုင်ငံရေးပါတီ ၄၀ ခန့်ကို မတ်လ ၂၈ ရက်မှာ စစ်ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။

NLD က ရက်မသတ်မှတ်ရသေးသော စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို တရားမဝင်ဟုဆိုကာ အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

“NLD ကို နိုင်ငံရေးလုပ်ငန်းစဉ်ကနေ ချန်လှပ်ထားမှုက မြန်မာ့အရေး ဖြေရှင်းရာမှာ ပိုမို ခက်ခဲလာစေမှာ ကို အလွန် စိုးရိမ်မိပါတယ်” လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD တာဝန်ရှိသူတွေကို ချက်ချင်း လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းအားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော အဖြေတစ်ခုရရှိရေး နည်းလမ်းတစ်ရပ် ဖော်ထုတ်ဖို့ ဂျပန်နိုင်ငံက စစ် ကောင်စီကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တင်းကျပ်သော ရွေးကောက်ပွဲဆိုင်ရာ မှတ်ပုံတင်ရေး လိုအပ်ချက်တွေကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး ကွက်လပ် ပိုမို ကျဉ်းမြောင်းလာတာကို အလွန်အမင်း စိုးရိမ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

သက်ဆိုင်သူအားလုံးကို နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပြုသင့်ပြီး နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ခွင့်မပြုဘဲ ချန်လှပ်ထားတာဟာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုမို ဖြစ်စေနိုင်တယ်လို့ ထုတ်ပြန် ချက်က ဆိုပါတယ်။

“သြစတြေးလျနိုင်ငံက အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အနီးကပ် ဆက်လက်စောင့်ကြည့်မှာ ဖြစ်ပြီး အများယုံကြည်သော ရွေးကောက်ပွဲကျင်းပတာ အပါအဝင် ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့ တောင်းဆို တယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – CNA
Ref; Japan, Australia concerned over Myanmar disbanding Aung San Suu Kyi’s party