ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ မတ် ၃၀ ရက်
ထန်တလန်မြို့နယ်၊ ခွါဖိုကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီကျော်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။
ထန်တလန်အနားက ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေယာဥ် ၂ စီးဖြင့် ဗုံး ၆ ကြိမ် လာကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထန်တလန်အနားက ပြည်သူတွေရှိတဲ့ ရွာတရွာကို ဗုံးလာကြဲတာ ပြည်သူသေဆုံးမှုက ၇ ယောက် ၈ ယောက်လောက်သေတယ်တယ်။ ပြည်သူဒဏ်ရာရရှိသူတွေလည်းတော်တော်များတယ်။အတိအကျတော့ မသိရသေးဘူး´´လို့ ချင်းကာကွယ်ရေးတပ်-ထန်တလန်၊ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဗုံကြဲတိုက်ခိုက်ခဲ့သည့် ခွါဖိုကျေးရွာတွင် ပြည်သူများသာ နေထိုင်ကြပြီး စစ်ကောင်စီက ရန်အငြိုးဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသခံများက ပြောဆိုသည်။
၂၀၂၃ခုနှစ်၊ နှစ်စပိုင်းမှ စတင်ပြီး ထန်တလန်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၁၁၀ ဝန်းကျင်ခန့် ဗုံကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပြီး လက်ရှိချင်းပြည်နယ်၊ နေရာဒေသအနှံ့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ အင်အားတိုးချဲ့မှုနှင့် စစ်ကြောင်းထိုးမှုတို့ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – ပုံဟောင်းအသုံးပြုထားသည်။
#ထန်တလန် #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #အရပ်သားပြည်သူ #ခုနှစ်ဦးသေဆုံး #အများအပြားဒဏ်ရာရရှိ
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…