ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်
အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်မှာ ကြေညာခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဉပ ဒေအရ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြန်လည်မှတ်ပုံတင်ခြင်းမ ရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးအတွက် ငြိမ်းချမ်းသောအဖြေရှာရေး လုပ်ဆောင်ဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို စဉ် ဆက်မပြတ် တိုက်တွန်းခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ ပိုမိုခက်ခဲစေမယ့် NLD ကို နိုင်ငံရေးလုပ်ငန်းစဉ်မှ ထပ်မံ ချန်လှပ်ထားမှုနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အလွန် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို ချက်ချင်း လွှတ်ပေးဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို အပြင်းအထန် တိုက်တွန်းပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ငြိမ်းချမ်းသောအဖြေ တစ်ခုရှာဖွေတဲ့ နည်းလမ်းတစ်ခုပြသဖို့ အာဏာသိမ်းစစ်ကောင်စီကို ဂျပန်အစိုးရက တောင်းဆိုလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာမှုအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ ဂျပန်အစိုးရက ပြောကြားကြောင်း ထုတ်ပြန် ချက်က ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – https://www.mofa.go.jp
Ref; The Situation in Myanmar (Deregistration of the National League for Democracy)