ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လက်နက်နဲ့ လေယာဉ်အပိုပစ္စည်းတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအ ပေါ် ဗြိတိန်နိုင်ငံရဲ့ ထပ်တိုး ဒဏ်ခတ်အရေးယူမှုတွေကို Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က အရပ်သားတွေနဲ့ စစ်အုပ် ချုပ်ရေး ဆန့်ကျင်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး အသုံးပြုလာခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၁ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက် ခြင်းဖြစ်ပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျန်းမာရေးဆိုင်ရာဌာနတွေအပြင် ဘာသာရေးဆိုင် ရာ အဆောက်အအုံတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ Burma Campaign UK က ဆိုပါတယ်။

မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့မှု ရပ်တန့်ခြင်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်း လုပ်ဆောင်နိုင်တဲ့ အထိရောက်ဆုံးအရာ တစ်ခုဖြစ်ပါတယ်။

“မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့နေတဲ့ ဗြိတိန်ကုမ္ပဏီတွေကို အလုံးစုံ ပိတ်ပင်မှုကသာ အရပ်သားတွေ အပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗြိတိန်ကုမ္ပဏီတွေ မပါဝင်စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” လို့ Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ်က ပြောပါ တယ်။

ဗြိတိန်အစိုးရက မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်၊ လက်နက်နဲ့ လေယာဉ်ဆီရင်းမြစ်တွေကို ဖြတ်တောက် ဖို့ မူဝါဒရှိပေမယ့် မူဝါဒကို အကောင်အထည်ဖော်ရာမှာ နှေးကွေးလွန်းတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Burma Campaign UK
Ref; New UK aviation fuel sanctions welcome, but complete ban needed