ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်
မက္ကဆီကိုနိုင်ငံနယ်စပ်ရှိ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းသွားလာသူတွေအ တွက် ထိန်းသိမ်းရေးစင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄၀ ဉီးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နယ်စပ်အနီး မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်ရှိ Ciudad Juarez မြို့တော်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ မတ်လ ၂၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
မီးလောင်ကျွမ်းမှုမှာ သေဆုံးသူတွေဟာ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒို၊ ဗင်နီဇွဲလားနဲ့ အ ခြားတောင်အမေရိကနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။
“မြေကြီးပေါ် လဲနေတဲ့သူတွေအများကြီး ကျွန်မ တွေ့မြင်ရပြီး ဘာလုပ်ရမယ်ဆိုတာ ကျွန်မ မသိတော့ ဘူး” လို့ ထိန်းသိမ်းခံရသူတစ်ဉီးရဲ့ ဇနီးသည်က ပြောပါတယ်။
ထိန်းသိမ်းခံရသူတွေကို နှင်ထုတ်မယ်လို့ ကြားသိရတာကြောင့် အကျဉ်းသားတွေက ဆန္ဒပြတဲ့အနေနဲ့ မွေ့ယာတွေကို မီးရှို့ခဲ့ပုံပေါ်တယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေမန်နျူရယ်လ်လိုပက်အော်ဘရောတာက ပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူ ၁၀၀၀ ခန့်မှာ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ Ciudad Juarez မြို့တော်ရှိ NGO တစ်ခုက ပြောပြီး အချို့ကို မက္ကဆီကိုအာဏာပိုင်တွေက ဖမ်းဆီးကာ ထိန်းသိမ်းရေးစ ခန်းတွေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း ၂ ဒသမ ၅ သန်းကျော်ဟာ တရားဝင် အထောက်အထားမပါဘဲ နယ်စပ်ကို ဖြတ်ကျော်ကာ မက္ကဆီကိုမှ အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; At least 40 dead in fire at Mexican border detention facility