ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်
မြန်မာ အာဏာသိမ်းစစ်ကောင်စီက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းလိုက်တဲ့အပေါ် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂက မတ်လ ၂၈ ရက်မှာ ထုတ် ဖော်ပြောကြားခဲ့ပါတယ်။
“NLD ကို ဖျက်သိမ်းလိုက်တာဟာ ကျွန်တော်တို့မဖြစ်စေချင်တဲ့ လမ်းကြောင်းမှာ နောက်ထပ် ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါ တယ်။
“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံနေရဆဲ အခြားသူတွေကို လွှတ်ပေးတာ ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ ဇန်န ဝါရီလအတွင်း နောက်ဆုံးအချိန် သတ်မှတ်ခဲ့ပြီး မနေ့က ပြန်လည်မှတ်ပုံမတင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အမတ်နေရာအ များစု အနိုင်ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအစိုး ရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။
ကိုးကား – Anadolu
Ref; UN calls for return to democracy in Myanmar after junta dissolves Suu Kyi’s party