ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့် လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ်(၄) သင် တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့တွင် ထုတ်ပြန်ထားသည်။

သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက် ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့် စနိုက်ဘာ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးမှ ပေးပို့သော သ၀ဏ်လွှာဖတ်ကြခြင်း၊ မိန့်ခွန်းပြောကြားခြင်းများ၊ လက်နက်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာ၀န်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှတပ်ရင်း မှူးများ၊ ဒုရင်းမှူးနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

#မကွေး #PDF #NUG #ကာကွယ်ရေးဝန်ကြီးဌာန #လက်နက်တပ်ဆင်ပေး
#Ayeyarwaddy_Times