ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတ်ိုင်း၊ ပန်းတနော်မြို့နယ်တွင် ညဘက်တွင်သာမက နေ့ဘက်များတွင်ပါ လှေနှင့် ဆိုင်ကယ်များ ခိုးယူခံနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနယ်မှာ လောင်းစကားက တရားဝင်သလိုဖြစ်နေပြီ။ ပေါ်တင်ပဲ ဖဲဝိုင်း၊ ကျွင်းဝိုင်း အကုန်ရှိတယ်။ပေါင်းနှံပြီ လောင်းကစားလုပ်တယ်။ မရှိတော့ခိုးတယ်။ အခုပိုဆိုးလာနေတယ်။ အိမ်ရှေ့ဆိုက်ထားတဲ့လှေတောင် လူခဏလစ်တာနဲ့မရှိတော့ဘူး ဒီလောက်ထိဖြစ်လာတာပါ “ဟု ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီက လောင်းကစားဝိုင်းများအား ခွင့်ပြုထားခြင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာခြင်းတို့ကြောင့် စားဝတ်နေရေးကြပ်တည်းလာကာ ခိုးမှုများ နေ့စဥ်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ပန်တနော်မြို့နယ်တွင် ကျွင်းလိမ့်ခြင်း၊ ဖဲဝိုင်းထောင်ခြင်း နှင့် ၂ လုံး ထီ လောင်းကစားခြင်းများအား စစ်ကောင်စီက လိုင်းကြေးကောက်ခံကာ တရားဝင်ခွင့်ပြုထားမှုကြောင့် ခိုးမှုများပိုမိုများပြားလာရခြင်းဖြစ်သည်ဟု ဒေသခံအချို့က သုံးသပ်ပြောဆိုထားသည်။