
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲပ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ချင်းပြည်နယ်မှ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပံ့ပိုးနိုင်ဖို့အတွက် တူမီးထီကို ဝိုင်းဝန်းကံစမ်း ထီထိုးပေးကြဖို့ တူမီးထီစီစဉ်တဲ့ ချင်းပြည်နယ်စစ်ဘေးရှောင်များ ရံပုံငွေရှာဖွေရေးအဖွဲ့ – CRFP က တိုက်တွန်း ပြောဆိုပါတယ်။
တူမီးထီ ၁ စောင်ထိုးပေးခြင်းဟာ တော်လှန်ရေးရဲဘော်တစ်ယောက်၊ စစ်ဘေးရှောင်တစ်ယောက်ကို ကူညီ စောင့်ရှောက်ပေးတာနဲ့ အတူတူပဲဖြစ်ပြီး လူ ၁ သောင်းထီထိုးရင် စစ်ဘေးရှောင်နဲ့ တော်လှန်ရေးရဲဘော် ၁ သောင်းကို ကူညီပံ့ပိုးနိုင်မှာဖြစ်ကြောင်း ဦးဆောင်သူတွေက ပြောပါတယ်။
တူမီးထီထိုးလိုသူများအနေနဲ့ ဖော်ပြပါလင့်ခ် https://www.facebook.com/chinlottery ကိုနှိပ်ပြီး တူမီးထီ Page မှာ သွားရောက်လေ့လာ ထီထိုးနိုင်ပါတယ်။
တည်းဖြတ် – အဲမလီ
https://fb.watch/eatHZNMYBX/